'မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေ
\"\"မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေတယ်လို့ ကျနော်တို့ ကောက်ချက်ချတယ်\"\" (Nicholas Koumjian, မြန်မာနိုင်ငံဆိုင်ရာ UN အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်) ၆ နိုဝင်ဘာ၂၀၂၁ အာဏာသိမ်းမြန်မာစစ်တပ်ဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ကို ကျုးလွန်နေတယ်လို့ (IIMM)မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Nicholas Koumjian က မနေ့က ဂျီနီဗာမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းချိန်ကနေစပြီး IIMM လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ပေးပို့လာတဲ့ အထောက်အထားမှတ်တမ်း ၁ သန်း ခွဲကျော် လက်ခံရရှိခဲ့တယ်ဆိုပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အချိန်ယူစစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျုးလွန်နေတယ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ Nicholas Koumjian က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ သူ့ကိုလက်မခံဆန့်ကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားခဲ့သလို ဖမ်းဆီးမိသူတွေကိုလည်း စနစ်တကျ နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ နေရာတချို့မှာ စစ်သားတ