ရဲတပ်ဖွဲအင်အားနည်းလာ၍ ရဲဌာန(၆)ခုထက်မနည်းဖျက်သိမ်းရန် စစ်ကောင်စီ ပြင်ဆင်
—People's Spring အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖရိုဖရဲဖြစ်နေပြီး ရဲတပ်ဖွဲ့အင်အားလည်း စုဆောင်းမရတော့ဘဲ နည်းပါးလာသဖြင့် ရဲဌာန(၆)ခုထက်မနည်းကို ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးအချို့ကပြောသည်။ "CDM လုပ်တာလည်း များတယ်။ သေတာလည်းများတော့ အင်အားတော်တော်လျော့သွားတယ်။ဒါကြောင့် ဌာန ငါးခု ဒါမှမဟုတ် ခြောက်ခုကို ဖျက်သိမ်းပြီး အဲဒီကရဲတပ်ဖွဲ့ဝင်တွေကို အခြားဌာနတွေမှာ ပြန်ထားဖို့ ဆွေးနွေးနေတယ်"ဟု ရဲမှူးကြီးတစ်ဦးက လူထုနွေဦးသို့ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာန၊ ရဲရေးဌာန၊ရဲထောက်ဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ဓါတုဗေဒစစ်ဆေးရေးဌာန၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ