ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ
နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ခေတ် သစ် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။ "ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင