PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ
အင်ဒို မှ “အရည်အချင်း ပြည့်ဝသူများ” အုပ်ချုပ်ပါစေ ဟု မင်းအောင်လှိုင်ကို ပြော ************* ဒီဇင်ဘာ ရုံးပိတ်ရက်များ မတိုင်မီက ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် မှ ခေါ်ယူသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးသို့ ကာကွယ်ရေး၊ နယ်လုံ၊ အထက်တန်း ရဲ ဖက် နှင့် ထောက်လှန်းရေး အရာရှိကြီးများ တက်ရောက်ခဲ့ကြရာမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF များအား ထိန်းချုပ်၍ မရ ဖြစ်လာပြီ ယခုနှစ် အတွင်း တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ ဖွယ် ရှိသည်ဟု တသံတည်း ထွက်လာခဲ့ကြကြောင်း ခေတ်သစ် သို့ ပေါက်ကြားလာသော အစည်းအဝေး မှတ်တမ်း ကို ကိုးကား၍ ဧရာဝတီမှ သတင်း ဖေါ်ပြလာသည်။ ထို့ပြင် လာမည့် ဩဂုတ်လ ရွေးကောက်ပွဲကို လည်း အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု အစည်းအဝေး တက်လာသူ တဦးတလေကမျှ မယူဆကြောင်းလည်း မှတ်တမ်းတွင် ပါရှိလာသည်။ ယင်းသည် ပထမဆုံး အကြိမ် မင်းအောင်လှိုင် နှင့် အထက်တန်း စစ်ဖက် အရာရှိကြီးများ သဘောကွဲလွဲလာနေပြီ ဆိုသော အထောက်အထား ဖြစ်၍ လွန်စွာ အရေးကြီးသော သတင်းကြီးပင် ဖြစ်သည်။ ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရအား လူထု ၏ ထောက်ခံမှု မရအောင် မည်သို့လုပ်ရမည် ဆိုသည် အပေါ်လည်း အကြံအိုက်နေကြပြီ ဖြစ်သည်။ နိုင်ငံတကာကလည်း မိမိတို့ မှ “အ