တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော
ဂျကာတာ သို့ ရောက်ရှိလာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း မှ တရုတ်သည် မြန်မာနှင့် ပတ်သကိ၍ အင်ဒိုနီရှား ဆောင်ရွက်ရန် ရှိနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အား အပြည့်အဝ ထောက်ခံသွားမည်ဟု ပြောကြောင်း ရိုက်တာ သတင်း တွင် ပါရှိလာခဲ့သည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ မှ အာဆီယံ ၏ အချက် ငါးချက် ကို ယခုထိ မြန်မာ စစ်ဗိုလ်ချုပ်များ၏ ငြင်းဆန်နေမှု အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အလားအလာ များ ထွက်ပေါ်လာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ အဖြစ် တာာဝန်ယူ ဆောင်ရွက်မည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ဆွေးနွေးသွားမည့် လုပ်ငန်းစဉ်များ ကို ယခုလို ထောက်ခံမှု ပေးလာမှု အပေါ် တန်ဖိုးထား ကျေးဇူးတင်ကြောင်း မစ္စက် မာဆူဒီ မှ ပြောခဲ့သည်ဟု သတင်းတွင် ပါရှိသည်။ ဆိုလိုသည်က အာဆီယံ မှ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တွေ့ဆုံရန် ရှိနေသည်များကို တရုတ်ဖက်မှ ထောက်ခံကြောင်း မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ ယခင် ၎င်းတို့၏ လူ ဟွန်ဆန် ကိုပင် ထိုသို့ အခွင့်အရေးမျိုး ပေးခဲ့ခြင်း မရှိပေ။ ချင်ဂန်း သည