NUG နဲ့မဟာမိတ်များကို အကူညီပေးရေး
🔻 Burma Act ကျွန်တော်တို့ Burma Act ထဲက အချက်တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ နေ့စဉ် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ အများဆုံးပေးနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံးကတစ်ဆင့် ကြိုးပမ်းနေပါတယ်။ 🔻 NUG နဲ့မဟာမိတ်များကို အကူညီပေးရေး အခုဆိုရင် မြန်မာနိုင်ငံဧရိယာရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေပြီဖြစ်တဲ့အတွက်၊ ဒီဒေသတွေမှာ စီမံအုပ်ချုပ်နိုင်ဖို့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေစာရင်း ရေးဆွဲတာလို အပိုင်းတွေအတွက် နည်းပညာ အကူအညီတွေ ပေးသွားဖို့ ဖြစ်ပါတယ်။ ဒီလို အကူအညီပေးဖို့အတွက်လည်း အမေရိကန်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရထားပါတယ်။ Burma Act ပါ အကြောင်းအရာ တွေကိုလည်း လွှတ်တော်ကို ပုံမှန် အစီရင်ခံတင်ပြပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 🔻 ရုရှားနဲ့စစ်ကောင်စီ ဆက်ဆံရေး အခုလို ရုရှားက လက်နက်ရောင်းချနေတာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း မိတ်ဖက်နိုင်ငံအားလုံး သိအောင်