28 October,2021 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များကို နေ့စဉ်ဆဲဆိုနေသည့် ဒလန် ချစ်စမ်းမောင်မှာ ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၁ဝ နာရီဝန်းကျင်က ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ချစ်စမ်းမောင်မှာ အာဏာသိမ်း စစ်ကောင်စီ၏ သတင်းပေးဖြစ်နေသည့်အတွက် မိမိတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့က ပြောသည်။ "သူက ခရိုနီ ဒလန်အကြီးစား။ နေ့တိုင်း PDF ကို ဆဲနေတာ။ စစ်ကောင်စီကိုလည်း နေ့တိုင်း သတင်းပေးတာ။ အဲဒါကြောင့် အခုမနက် ၁၀ နာရီဝန်းကျင်မှာ ရှင်းလိုက်တာ။ သတိပေးထားတဲ့ကြားက ဆက်ပြီးဇောင်းကြွ သတင်းပေးတဲ့သူတွေလည်း သတိသာထာနေကြ။ ဆက်ရှင်းမယ်"ဟု ဧရာကဗေဒါအဖွဲ့ဝင် တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီသတင်းပေး ခရိုနီအကြီးစားချစ်စမ်းမောင် ကို ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့်တစ်ချက် ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။ အဆိုပါ စစ်ကောင်စီသတင်းပေးဒလန် ရှင်းလင်းမှုသည် ဘိုကလေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့တပ်ဖွဲ့ထံမှ သိရသည်။ ဧရာဝတီတိုင...