ယူကရိန်းက တရုတ်ကို အကူအညီတောင်း
ဘေဂျင်း၊ မတ် ၂ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြားရေးဝမ်ယိ အား ဖုန်းဆက်အကူညီတောင်းခဲ့သည်။ "ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်" ဟု Kuleba ကပြောခဲ့ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။ ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီးနေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအနေဖြသ့် ယခု ပဋိပက္ခကို "ရုရှားကျူးကျော်မှု" ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို တောင်းဆိုထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။ အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအနေဖြင့်ဘက်မလိုက်သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။ Source:Nikkei Asia Credit: Popular #SYHL