ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ
ကိုကိုလေး/ဧရာဝတီတိုင်းမ် (ကော့သောင်း) ဖေဖော်ဝါရီ ၂ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၅၉၄ ခြေမြန်တပ်ရင်း (ခမရ ၅၉၄) နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက် သေနတ်ကိုင်ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေကြောင်း အဆိုပါတပ် အသိုင်းအဝိုင်းထံက သိရသည်။ အဆိုပါ ခမရ ၅၉၄ တပ်မှာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်နေရပြီး နောက်တန်းတွင် စစ်သားတို့၏ မိန်းမများမှာလည်း စစ်သင်တန်းများ တက်နေရသလို ညဘက်သေနတ်ကိုင် ကင်းစောင့်ရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။ "၅၉၄ တပ်အတွင်းထဲမှာ စစ်သားအင်အားနည်းသွားတာတော့ အမှန်ပဲ။ ကျွန်တော်တို့နယ်ဘက်က တပ်ရင်းတွေက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်နေရတယ်။ သေကြတာလည်း များတယ်။ အခုလည်း တပ်တွင်းမှာ စစ်သားအင်အားနည်းပါးလာလို့ စစ်သားမယားတွေကို မဖြစ်မနေ စစ်သင်တန်းတွေပေးတဲ့အပြင် ညဘက် သေနတ်ကိုင်ပြီး ကင်းစောင့်ရတာတွေများလာတော့စိတ်ဓာတ်တွေကျနေကြတယ်။ သူတို့မှာ ပင်ပန်းတော့ အတော်စိတ်ပျက်နေကြတယ်။ အခွင့်သာတာနဲ့ ထွက်ပြေးမယ်ဆိုတာချည်းပဲ ပြောနေကြတယ်"ဟု အဆိုပါတပ်ရင်းအနီးနေထိုင်သူ အရပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ကော့သော