ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ



ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင် ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာအများ ဆန္ဒပြမည်ဖြစ်ကြောင်း ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ ကိုသန့်ဇော်ထက်က ပြောသည်။ 
မြန်မာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် ဂျပန်အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး သံတမန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာဂါဝါသည် ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ မင်းအောင်လှိုင်ကို ထိတွေ့ ဆက်ဆံခြင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးခြင်းများရှိနေပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ဂျပန်အစိုးရက တစ်စုံတစ်ရာ မသိရှိဟု တုံ့ပြန်ပြောဆိုလာကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို ထိတွေ့ ဆက်ဆံနေသော ၎င်းကို ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
"ကျနော်တို့ Japan MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) နဲ့လည်း ဆုံပြီးပြီ။ သူတို့ကလည်း ငြင်းတယ်။ Sasagawa ကို သူတို့စေခိုင်းခြင်းမရှိဘူး။ မြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုအပေါ်စောင့်ကြည့်ပြီး သူတို့လည်း ဘယ်လိုရပ်တန့်လို့ရမယ် စဉ်းစားမယ်ပြောတယ်" ဟု  ကိုသန့်ဇော်ထက်က ရှင်းပြသည်။ 
အကြမ်းဖက်အားပေး  နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို  ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်းရုံးချုပ်ရှေ့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့  ညနေ ၃ နာရီမှ ၅ နာရီအထိ ကန့်ကွက် ဆန္ဒပြမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင် အားဖြည့်ကြရန် တရားဝင် အသိပေး ဖိတ်ကြားမှုများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

Comments

သူများနိုင်ငံမှာ ဖင်ယားချင်တဲ့နီပိတ်တွေ

Popular posts from this blog

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

UNHCR ဘယ်လိုလျှောက်ကြမလဲ

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်

မအူပင်မြို့တွင် ဒုဗိုလ်မှူးကြီးနိုင်လွင်က စပါးပွဲစားတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး လာဘ်စားကာ ရွှေတောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်အဖြစ်ခန့်အပ်

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)