Posts

DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

Image
NCA လက်မှတ်ရေးထိုးထားတဲ့ DKBA နှင့် အကြမ်းဖက် စစ်ကောင်စီ လမ်းခွဲပြီလား ……………………………………… ဇန်နဝါရီ ၂၁ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် ၄ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်ကို အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။  အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝန်းအတွင်းက အဆောက်အအုံ ၂ လုံး လုံးဝ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ DKBA ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာကြောင့် နေအိမ် တစ်ခုလုံး မွစာကြဲ ပျက်စီးနေတာ တွေ့ရပါတယ်။  ပျက်စီးနေတဲ့ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်အတွင်းမှာ ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ အကြမ်းဖက်စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းတို့ ယခင် NCA ငြိမ်းချမ်းရေး ဆ

ညောင်ဦးတွင် အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်သူ စစ်အရာရှိ ဗိုလ်ကြီး မျိုးညီ

Image
ညောင်ဦးတွင်  အမျိုးသမီး ၁၀ ဦးကျော်ကို  PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့်  -------------------------------------------------------------- ▪️ မုဒိမ်းကျင့်သူများ တွင် စစစ အရာရှိ နောင်မင်းလတ်၊ ဗိုလ်ကြီး မျိုးညီ၊ စရဖ အရာရှိ တင်ထွန်းအောင် တို့ပါဝင် ရန်ကုန်၊ ဇန်နဝါရီ ၂၀ ခေတ်သစ် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦး ကျော် ကို PDF ထောက် ပံ့ သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး  အဆိုပါ အမျိုးသမီးများကို စစ်ကြောရေးတွင် စစ်တပ်ဘက်မှ စစ်ဆေးသော အရာရှိ များ က  ဖမ်းဆီးခံ အမျိုးသမီး တချို့ကို မုဒိမ်းကျင့်မှုများ ကျူး လွန် ကြောင်း သိရှိရသည်။ ဇန်နဝါရီလအတွင်း ညောင်ဦးမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသမီး ၁၀ ဦး ကျော်ကို အကြမ်းဖက် စစ်တပ်၊ ညောင်ဦးမြို့နယ် အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စစစ)နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က ပူးပေါင်း ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးရာတွင် PDF များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုး သမီးများကို စစ်ကြောရေးလုပ်သူ စစ

MLM လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး

Image
Pyramid Schemes များသည် MLM နည်းဗျူဟာတစ်ခုအဖြစ် အသွင်ယူထားသော လိမ်လည်လှည့်ဖြားသော အစီအမံများဖြစ်သည်။  ကနေဒါအစိုးရက MLMကို ခေတ်သစ်စီပွါးရေးစနစ်တခု အဖြစ်လက်ခံသော်လည်း ပစ်ရမစ် စီးပွါးရေးစနစ်ကို တားမြစ်ထားတယ် ဆိုလိုချက်က MLMအမည်ခံပြီး ပစ်ရမစ်ဆန်ဆန်ရောင်းချရင်အရေးယူခံရမယ်လို့ဆိုလို တာပါ ဘာလို့ပစ်ရမစ်စနစ်ကိုပိတ်ရတာလဲ ၂၀၀၀ခုနှစ်က အော့တာဝါကမြန်မာလင်မယား၂ယောက် တိုရန်တိုမှာ လာရောင်းတယ် ကိုယ်ရောက်သွားချိန်မှာ အယောက်၂၀ လောက်ဝယ်ပြီးပြီ တယောက်$၁၀၀၀ ဆိုတော့ $၂၀၀၀၀ လောက်ခိုင်နေပြီ ပစ္စည်းတန်ဖိုးက $၂၅၀ထက်မပိုပါဖူး မကြားဖူးတဲ့ရောင်းမထွက်တွေ၊ သူရှင်းပြတာနားထောင်ရင်း ဘော့ပင်တလက်နဲ့လိုက် တွက်တယ် အဆင်မပြေဖူး ကိုယ်က၁၀၀၀ဖိုး ၂ယောက်ကိုရအောင်ရောင်းရမယ် သူတို့ကလဲ၂ယောက်စီထပ်ရောင်းရမယ် ကိုယ်ကစရေလို့ ပစ်ရမစ်တခုစာပြည့်ရင် အပတ်စဉ် ပိုက်ဆံရမယ်၊ လောလောဆယ်တော့ $၇၅၀ဆုံးပြီ၊ ပစ်ရမစ်တခုစာကလဲဘယ်တော့မှပြည့်လာမှာ မဟုတ်ဖူး ဘောကန်သလိုပေါ့ နောက်တန်းကကန်မတင် ပဲရှေ့တန်းကဂိုးသွင်းခွင့်ရမှာမဟုတ်ဖူး ပစ်ရမစ်treeထဲက တဆင့်ဆင့်မှာရပ်တာနဲ့ပိုက်ဆံမရဖူး ရချင်ရင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ၂ယောက် ပြည့်အောင်ရောင်းပေးဖို့ သွားပြောရမယ် မြန်မာလင

သပွတ်အူနိုင်ငံတော်

အခုအချိန်မှာ ဒီနိုင်ငံက မြေပုံပေါ်မှာကမ္ဘာက အသိအမှတ်ပြုထားတဲ့တစ်ပြည်ထောင်စုပါ ခွဲထွက်တယ်ဆိုတာ မသင့်လျော်တော့ဖူး ဒါပေမယ့် မခွဲထွက်နိုင်ဖို့ မျှတမှုလိုတယ် တချိန်လုံး မဘသ လုပ်နေလို့မရဖူး သမိုင်းအပေါ်မှာရိုးသားရမယ် အားလုံးကအမှန်ကိုလက်ခံရမယ် ရှမ်းဆိုရင်စော်ဘွားတွေဟော်နန်းတွေနဲ့နေတယ် ကချင်ချင်းရခိုင်မွန် သူ့ခေါင်းဆောင်နဲ့သူ သူ့နယ်နဲ့သူနေနေတယ် အလယ်ပိုင်းဒေသအပူပိုင်းဒေသမှာ ဗမာ ( ဗ နေရာမှာ မ ထည့်ခေါ်ရင်းမြန်မာလို့လဲသိကြတယ်) တွေနေတယ်၊ အကုန်မဲမဲသဲသဲလေးတွေ😊 ဟိုတိုက်လိုက်ဒီတိုက်လိုက် ကလေးတွေစွတ်မွေးလိုက် နဲ့ ဗမာပိုင်တဲ့နယ်ကကျယ်လာပြီး ကမ္ဘာကလဲ Burma လို့ပဲ ခေါ်ကြတယ် အင်္ဂလိပ်မဝင်အထိ အတူတူတွဲ တိုက်ခဲ့ကြတဲ့အချိန်တွေလဲရှိခဲ့တယ်  အင်္ဂလိပ်ကအကုန်သိမ်းလိုက်ပြီး Burma လို့ပေါင်း ခေါ်ခဲ့ပေမယ့် ဗမာဘုရင်တွေ မပိုင်တဲ့နေရာတွေ ကအင်္ဂလိပ်မဝင်ခင်ထဲကသပ်သပ်ရှိတယ် ဒီသမိုင်းကြောင်းကို အင်္ဂလိပ်ကသိထားတော့ လွတ်လပ်ရေးတောင်းချိန်မှာ တောင်တန်းတွေက ဗမာပိုင်တာမဟုတ်ဖူးလုပ်ပြန်ရော အဲ့အချိန်မှာသူ့ကျွန်မခံလိုသူတွေပေါင်းစည်းချိန် ဆိုတော့ ပင်လုံစာချူပ်ကိုချူပ်ဆိုပြီး လွတ်လပ် ရေးရခဲ့တယ် ကံဆိုးချင်တော့ လွတ်လပ်ရေးရ တာတောင်ဗိုလ်ချူပ်

"အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ" ဟု မင်းအောင် လှိုင် ကို အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

Image
ရန်ကုန်၊ ဇန်နဝါရီ ၁၉  ခေတ်သစ် မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် "အရည် အချင်း မရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်ချင်တာလဲ" ဟု  အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မ တော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ  Luhut Panjaitan က မေးခွန်း ထုတ် လိုက် ကြောင်း သိရှိရသည်။  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့်  ယိုယွင်းနေသည့် နိုင်ငံကို  အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန်  အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်။ မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။  “အစိုးရထဲမှာ စစ်ဘက်ကလူတွေ အများကြီးရှိနေတာပဲ။  ဒါပေမဲ့ အရည်အချင်း မရှိဘဲ  သမ္မတဖြစ်ချင်လို့ရမလား။ အရည်အချင်းရှိတဲ့သူ အုပ်ချု

မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်

Image
ပင်တဂွန်က Eileen Laubacher နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu ဘင်္ဂလားဒေ့ရှ် နိုင်ငံသွားကြတယ်။ မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်လို့ ပြောနေကြတယ်။ အဲ့ဒီအချိန်နဲ့ ကွက်တိမှာပဲ ကြင်စိုးရဲ့ လေတပ်က ကသာ မိုးတားလေး ရွာကို ရွာလုံးကျွတ် ဗုံးမိုး ရွာပစ်လိုက်တယ်။ အလှူ ရှိတဲ့အချိန် မို့လို့ ရွာသားတွေ တော်တော် ထိကြတယ်။ တက်လာတဲ့ ပုံတွေကလည်း မမြင်ရက်စရာတွေ။ ကသာ နယ်မြေက NUG နဲ့ မဟာမိတ် KIO ရဲ့ ထိန်းချုပ်မှုအောက်ကို ရာနှုန်းပြည့် နီးပါး ရောက်ပြီးသား။ အခွန်တောင် ကောက်နေတာ ကြာပြီ။ “ဖိုး - သရီး - သရီး” အခွန် စံနစ် ဆိုတာကို NUG က သုံးတယ်။ ပြည်ထောင်စု အတွက် ၃၀%၊ ပအဖ အတွက် ၄၀%၊ ပကဖ အတွက် ၄၀% သုံးတယ်တဲ့။ တကယ်တော့ ပြည်ထောင်စုဆိုတာ MoD အတွက် အများဆုံး သုံးတာပါပဲ။  မြို့နယ် ၄၀ နီးပါးကို NUG ရဲ့ အခွန်စံနစ် သုံးနေပြီ။ ၂၀၂၂ နှစ်လည်က စပြီးတော့ လည်ပါတ်နေပြီ ဖြစ်တဲ့အတွက် စံနစ်လည်း တော်တော် ကျနေပြီတဲ့။  ကြင်စိုးရဲ့ တပ်တွေ ကသာဝန်းကျင်ကို စစ်ကြောင်းပြန်ထိုးတာမှာ တော်တော် အထိနာနေသတဲ့။ လက်နက်ကိုင်ချင်း မနိုင်တော့ ထုံးစံအတိုင်း ရွာတွေကို ဗုံးကျဲပစ်လိုက်တာပဲ။ တနိုင်ငံလုံး အနှံ့ အဲ

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

Image
ဇန်နဝါရီ၁၉ရက် မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ၁၉ရက်မှာ ထိုင်းရေးရာကျွမ်းကျင်သူ ဦးစတီဗင်စန်းယုကဆိုထားပါတယ်။ "မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို သန်ဘက်ခါ၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါလိမ့်မယ်"လို့ဖော်ပြထားပါတယ်။ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲ အပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာ) မှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံပါယ်ချခဲ့ပါတယ်။  ဒါ့အပြင် သူတို့ ၄ ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် ၄ ကြိမ်လုံးကို တရားရုံးကပါယ်ချခဲ့ပါတယ်။  မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်တယ်လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက မင်

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

Image
အင်ဒို မှ “အရည်အချင်း ပြည့်ဝသူများ” အုပ်ချုပ်ပါစေ ဟု မင်းအောင်လှိုင်ကို ပြော ************* ဒီဇင်ဘာ ရုံးပိတ်ရက်များ မတိုင်မီက ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် မှ ခေါ်ယူသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးသို့ ကာကွယ်ရေး၊ နယ်လုံ၊ အထက်တန်း ရဲ ဖက် နှင့် ထောက်လှန်းရေး အရာရှိကြီးများ တက်ရောက်ခဲ့ကြရာမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF များအား ထိန်းချုပ်၍ မရ ဖြစ်လာပြီ ယခုနှစ် အတွင်း တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ ဖွယ် ရှိသည်ဟု တသံတည်း ထွက်လာခဲ့ကြကြောင်း ခေတ်သစ် သို့ ပေါက်ကြားလာသော အစည်းအဝေး မှတ်တမ်း ကို ကိုးကား၍ ဧရာဝတီမှ သတင်း ဖေါ်ပြလာသည်။ ထို့ပြင် လာမည့် ဩဂုတ်လ ရွေးကောက်ပွဲကို လည်း အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု အစည်းအဝေး တက်လာသူ တဦးတလေကမျှ မယူဆကြောင်းလည်း မှတ်တမ်းတွင် ပါရှိလာသည်။ ယင်းသည် ပထမဆုံး အကြိမ် မင်းအောင်လှိုင် နှင့် အထက်တန်း စစ်ဖက် အရာရှိကြီးများ သဘောကွဲလွဲလာနေပြီ ဆိုသော အထောက်အထား ဖြစ်၍ လွန်စွာ အရေးကြီးသော သတင်းကြီးပင် ဖြစ်သည်။ ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရအား လူထု ၏ ထောက်ခံမှု မရအောင် မည်သို့လုပ်ရမည် ဆိုသည် အပေါ်လည်း အကြံအိုက်နေကြပြီ ဖြစ်သည်။ နိုင်ငံတကာကလည်း မိမိတို့ မှ “အ

" UN meeting"

*********************  "#ပြင်သစ်" "ပြင်သစ်'က ထပ်ပြောလိုက်ပြီ  UN ကထုတ်ခဲ့တဲ့ Statement တွေ/ စကားလုံးတွေဟာ သိပ်ကို ဩဇာကြီးလှပါတယ်။ ဒါပေမဲ့ သူတို့က မမှုပါဘူးတဲ့ ဒီထက်ပိုတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ချက်ချင်းလုပ်မှ ရပါတော့မယ်တဲ့ We are wining guys!!! မျက်နှာလေးကအသက်  "#ရုရှား' "ရုရှား"ကတော့ အခုလေးတင် မအလရဲ့ လုပ်ရပ်တွေကို လက်ရှောင်လိုက်ပါပြီ ပြောကြားချိန် ၁ မိနစ်တောင်မပြည့်ပါဘူး..... "#US" "US "ကတော့ ပြောလိုက်ပါပြီ  စကားလုံးတွေ၊ Statements တွေနဲ့ မရတော့ပါဘူးတဲ့  Action လက်တွေ့လုပ်ဆောင်မှကို ရတော့ပါမယ်တဲ့။ သိပ်ကို ပြည်သူတွေကြားချင်နေတဲ့စကားကိုပြောသွားတာပါ  သူ့နောက်ကို တစ်ခြားနိုင်ငံတွေက ပါလာရင်ကို ရပြီ "#အိန္ဒိယ" အိန္ဒိယကတော့ သွေးထွက်သံယိုတွေ ဆက်လက်မဖြစ်အောင်နှင့် ဒေသတွင်းကိစ္စကို အာဆီယံအတွင်း အဖြေရှာဖို့နှင့် ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသင့်ရမှာ ဖြစ်ကြောင်းနှင့် မြန်မာနဲ့ အိမ်နီချင်းဖြစ်တာကြောင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားသင့်ပါတယ်ဆိုပြီး ပြောသွားပါတယ်  "#အိုင်ယာလန်"က 

US သည် အချဉ်မဟုတ် ကောင်တာပြန်လေပြီ !

ဘတပြန် ကျားတပြန်ပဲလေ မြန်မာ့အရေး ပွဲသိမ်းပေးမယ် ကတိပေးထားတာ US ပါ ဒီတော့ သူ့ဇာတ် သူနိုင်အောင် ပြီးဆုံးအောင် ကပါလိမ့်မယ် သိပ်တော့ စိုးရိမ်စရာ မရှိ  ခု သော-က်ပုပွဲစား ဆာကာဝါ ပရာယွတ်နဲ့တွေ့တော့ US က ထိုင်းကို မသွားတော့ဘူး  သဘောက ဖီးမလာ‌တော့လို့ မင်းလိုကောင်နဲ့ ခဏခဏ ဆက်ဆင်းပြောမနေတော့ဘူးဆိုပြီး ဘလင်ကန်က တျုတ်ကြီးဆီပဲ ဒဲ့သွားပြီး ဆွေးနွေးဖို့ ဟလိုလိုက်တယ် တျုတ်ကလည်း Welcome တဲ့  အာ့ဆို ပွဲက ပြတ်သလောက်ရှိလာတော့မယ် မဲခေါင်အစည်းဝေးလည်း ဖျက်ထားတယ် ဘိုင်ဒန် ကျင့်ဖျင်လည်း တွေ့အုံးမယ် ခု မတွေ့ခင် ဘလင်ကန်က ဒဲ့ပဲသွားပြီး လုပ်စရာရှိတာနဲ့ ပရာယွတ်ပါ သောက်ချိုးပြင်ဖို့ သွားပြောပုံ ရလိမ့်မယ်  ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း US တျုတ် ထိတ်တိုက်မတွေ့ရေး ခေါင်းစဉ်နဲ့ဆိုတော့ ထိုခေါင်းစဉ်ကကို မိုက်နေတာ လှနေတာ ဘောင်ထဲရောက်နေပြီသားပဲ  ဒီတော့ ဘလင်ကန် ဖေဖော်ဝါရီ ၅ မှာ တျုတ်သွားမယ် တျူတ်နိုင်ငံခြားရေး ၀န်ကြီး ဂျင်ဂန်းနဲ့ ဆွေးနွေ့းပါလိမ့်မယ် သေချာတာက မြန်မာ့အရေးပါပါလိမ့်မယ် ဘာတွေ ဆွေးနွေးမလဲ ဆက်စောင့်ကြည့်ရမယ်  အဓိကက ခေါင်းစဉ်အတိုင်းပဲ US တျုတ် ထိပ်တိုက်မ‌တွေ့ရေးဆိုတဲ့အတိုင်း မြန်မာ့အရေးမှာ US ဟာ စစ်ရေးအရ ပါမှာ ကူမှာ မ

ပတ်စ်ပို့ ပြုလုပ်ခွင့် အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီ

Image
ဇန်နဝါရီ ၁၇ အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ခွင့်အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို အသိပေးအကြောင်းကြားလာတာဖြစ်ပါတယ်။ ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ယနေ့မှစပြီး ယာယီရပ်ဆိုင်းလိုက်တာကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့

PDFတွေချည်းတိုက်နေရင် နှစ်အများ ကြီးကြာမယ်ဆိုတာ USA EU အကုန်သိတယ်

Image
တည်ဆောက်ရင်းဆင်နွဲ ဆင်နွဲရင်းတည်ဆောက် အဆင်ပြေနေတာလဲရှိမယ် မပြေသေးတာလဲရှိမယ် ဒီခရီးဒီလောက်ပေါက်လာတာ အောင်မြင်တယ်လို့ပြောရတယ် ငွေအင်အား အဆက်အသွယ် ပစ္စည်းအများကြီးလိုတာသိတယ် ရှိသလောက်နဲ့ခရီးဆက်ရင်း ဆုံမှတ်တွေကို စောင့်ကြတာပေါ့ ဘောမတွေက ဘယ်မှာလဲပိုက်ဆံ ဘယ်မှာလဲပစ္စည်း ဘလိန်းဘလိန်း ရင် မင်းစောက်ပူပါလားတခွန်းထဲမေးလိုက် PDFတွေချည်းတိုက်နေရင် နှစ်အများ ကြီးကြာမယ်ဆိုတာ USA EU အကုန်သိတယ် မအလအနေနဲ့လဲ PDF နဲ့ EAOs ထက်ဖျင်တုန် အောင်ကြောက်ရမယ့်ဟာတွေကိုသိနေတယ် ကမ္ဘာကသံတမန်အဖြတ်ခံရတာနဲ့တင်ပျားတုပ် နေပြီ အာဆီယံတောင်းဆိုတယ် မရဖူး ကုလကတောင်းဆိုတယ် မလိုက်လျောဖူး ပြည်တွင်းစစ်ကိုလေယာဉ်သာလွန်အင်အား သုံးတယ် ရတယ် ဆက်လုပ်ပါ လုပ်ပိုင်ခွင့်စွက်ဖက်ပိုင်ခွင့်ဆိုတာ  မီးစိမ်းပြဖို့လိုတယ် အကြေင်းပြချက်ခိုင်လုံရတယ် ဒေါ်ဇင်မာအောင်တို့အဆိုအရ စောင့်နေရတာပဲရှိတယ် မရတော့ဖူးဆိုတဲ့ Hopeless မျိူးမရှိဖူး EAOsတွေ အနှစ်၇၀ကျော်ခုခံလာတာ ဘာအသံမှမထွက်ဖူး ၂နှစ်နဲ့ အပြတ်ဖြတ်နိုင်သူရှိရင်ပြော NUG မှာသမ္မတရာထူးပေးဖို့ ငါကိုယ်တိုင်ပြောပေးမယ် PDF LDF တလတလ နေဖို့စားဖို့ ဘယ်လောက်ထောက်ပံ့ရလဲသိလား LDFတွေထောက်ပံ့ကြေးဘယ်လောက်ရ လဲသိလား(အဖွဲ့စုံရ

အသတ်ခံရမှာစိုးလို့ ငိုယိုတောင်းပန်ပေမယ့် မန္တလေးကအုပ်ကြီး ရှင်းလင်းခံရ (ရုပ်သံ)

ဇန်နဝါရီ ၁၆၊The Nation Voice  မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ် ၊ဗောဓိကုန်း အရှေ့ရပ် ၆၉ D လမ်း၊ ၄၀/၄၁ လမ်းကြားမှာ နေထိုင်တဲ့ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှုးဦးစော ကို ဇန်နဝါရီ (၁၅) ရက်နေ့က နေအိမ်မှာပဲ ရှင်းလင်းလိုက်တယ်လို့ Special Task Force (Mandalay) က ထုတ်ပြန်ထားပါတယ်။  STF-MDY အနေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နှုတ်ထွက်ဖို့ သတိပေးသတ်မှတ်ရက်ပြည့်ပြီဖြစ်တာကြောင့် နှုတ်မထွက်ဘဲ စစ်ကောင်စီအလိုကျ  အုပ်ကြီးဆက်လုပ်မယ်ဆိုပါက အုပ်ကြီးဦးစောလိုပဲ ရာထူးကနေ အပြီးတိုင် ရပ်နားပေးမယ်လို့လည်း သတိပေးလိုက်ပါတယ်။  STF-MDY အဖွဲ့သားတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ ဦးစောနောက်မလိုက်ချင်ရင် နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ပြီဖြစ်တယ်လို့ ထပ်လောင်းသတိပေးပါတယ်။  လွန်ခဲ့တဲ့ သုံးရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်း၊ ဦးပွားဂုံးကျော်အဆင်းလမ်း (ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း  စစ်ကောင်စီရဲ့ ပြည်သူ့သဘောထားနဲ့အလိုမတူ ဆန့်ကျင်ကာ ရွေးကောက်ပွဲလုပ်ကာ မွဲဆွယ်‌စည်းရုံးရန် အစည်းအဝေးလုပ်နေသူတွေကို STF-MDY အဖွဲ့က   လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ

ပအို့ဝ် ဒေသမှာ နျူစက်ရုံ ဆောက်မို့ထင်တယ်။ ပုံစံငယ် ထွက်လာတယ်။

Image
ကြည့်ရတာ ပတ္တမြားနဂါး အပေးအယူကြမ်းပီထင်တယ်။ ပအို့ဝ်သွေးချင်းများ ငြိမ်မနေသင့်ပါ။ မူကျိမြက်ဖုတ် မီးဟတ်ရင်တောင် “ကိုကြင်စိုးနဲ့ရောင်းရင်းများမီးသတ်အဖွဲ့က” တလင်းပြောင်တဲ့အထိ ငြိမ်းလို့ မနိုင်သေးဘူး။ ဂရင်းရွိုင်ရယ် ဖြစ်အင်ကိုသာ ကြည့်။ လူငါးရာလောက် ပစ္စည်းစုံနဲ့ ဝိုင်းငြိမ်းတာ အနည်းလေး ၅ နာရီကြာတယ်။ နျူမတော်တဆ ဆိုရင်တော့ ပစ္စည်းမမက်လည်း လူလွတ်အောင် ပြေးနိုင်ဖွယ်ရာ မမြင်။ ဒေသတခုလုံး စမုံတုံးမှာ။ အက်ကိစ္စ ပေါ့မရ။ အကောင်းဆုံးက ဘိုတုအပါ မသူတော်တွေအားလုံးကို အပြီးတိုင် ချေမှုန်းကြဖို့ပဲ။ အမြစ်တူးထုတ် အက်ဆစ်လောင်း မီးရှို့ အပြုတ်ဆော် ရမယ်။  တနိုင်ငံလုံး ကနေတဲ့ ပွဲတွေမှာ ဂိုးပြတ်ချည်း နိုင်တယ်ဆိုဘေမက် ကိုယ့်ဖက်မှာလည်း ပေးဂိုးတချို့ ရှိနေတာ ခါးသီးတဲ့အရှိတရားပဲ။ နောက်ပိုင်း ဒီထက်ပိုကြမ်းမယ်။ ငတို့တွေ မဆုတ်မနစ် အားကုန်ထုတ်ကြရမယ်။  ကမ့် ဗစ်တိုးရီးယား တိုက်ခိုက်ခံရမှုအပြီး တော်လှန်စိတ်က ပိုပြီးတောင် အားကောင်းမောင်းသန် ခေါင်းထောင်ထလာတယ်။ ဖိလေကြွလေ စိတ်ပိုင်းဖြတ်မှုတွေ ထုထည်ပိုကြီးလာလေပဲ။ နုကြည်ရဲ့ ဝမ်းရီးယားပလန် အချိန်ကိုက် အင်ဒိုအာဆမ်ချဲ ဖြစ်တယ်။ UNSC က မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်ကျတယ်။ ဒို့ဖက်မှ

UNHCR ဘယ်လိုလျှောက်ကြမလဲ

Image
ဒီဆောင်းပါးမှာ UNHCR ဘယ်လိုလျှောက်ရလဲ ပြောပြပေးမှာပါ မြန်မာပြည်တွင်းမှာမွန်းကြပ်နေသူ တယောက်အနေနဲ့ကောက်ရိုးတပင်ဆိုပေမယ့် အားနည်း အားသာချက်တွေရှိတာကိုလဲသိထားသင့်ပါတယ် ပထမဆောင်းပါးက ငွေကြေးတတ်နိုင်သူတွေကဗီဇာ လျှောက်ဟိုနိုင်ငံရောက်မှ အဆိုင်လင်ခံကြတာပါ အခုတင်ပြမယ့် UNHCR လျှောက်ထားရာမှာလဲ မြန်မာငွေသိန်း၁၅၀-၂၀၀လောက်လက်ထဲရှိထားသင့် ပါတယ်၊ မဲဆောက် ချင်းမိုင် ဘန်ကောက် အဆင်ပြေ တဲ့နေရာနေနိုင်ပေမယ့်မဲဆောက်မှာကပိုအဆင်ပြေပါတယ် လာနေသူများလို့အခန်းခတွေတောင်စျေးတက်လာပါတယ် သွားနေစရာ ပိုက်ဆံမရှိသေးရင်တော့ ထိုင်းမှာ အလုပ်သွား လုပ်ရင်းလျှောက်ထားနိုင်ပါတယ်၊အလုပ်ကိစ္စတော့ဒီဆောင်း ပါးမှာမပါပါဖူး UNHCR ကိစ္စပဲဆက်ပြောပါမယ်၊ မဲဆောက်ကိုကမ်းကူးခ ဘတ်၃၀၀၀လောက်ကုန်ပါတယ် စာအုပ်နဲ့အပေါ်လမ်းကလာလို့လဲရပါတယ်၊ အင်တာဗျူးလုပ်ဖို့ဒုတိယနိုင်ငံမှာရှိနေရမယ့်သဘောပါ ပြည်တွင်းကလှမ်းလျှောက်လို့ရမရ စုံစမ်းဆဲပါ မဲဆောက်ကိုရောက်ရင် နေစရာကစျေးနုန်းအမျိူးမျိုး ရှိပါတယ် အဲကွန်းမပါတဲ့ Share room တွေဆိုရင်  ဘန်ကောက်မှာတောင် ဘတ်၃၀၀၀လောက်နဲ့ ရတယ်လို့ဆံပင်ညှပ်ဆိုင်က မြန်မာမိန်းကလေးတယောက် ကပြောပြဖူးပါတယ်၊ မဲဆောက်မှာလဲဘယ်လောက်တန်အခန်းနဲ့နေချင်လဲအ

ချက် မိတ်

Image
ခေတ်သစ် သတင်း အဆိုအရ စစ်အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် မှ အမျိုးသား ညီညွတ်ရေး အစိုးရ တပ်မတော် PDF အား ချေမှုန်းရန် ထိတ်တန်းလျို့ဝှက် အစည်း‌အဝေးကို ဒီဇင်ဘာ ၂၃ ရက်နေ့က ခေါ်ယူပြီး brainstorming လုပ်ကြသော်လည်း လူတဦးချင်းစီထံ SMS မက်ဆေ့ခ်ျ ပို့ရန် မှ စ၍ တ‌ယောက် တပေါက် နှင့် လက်တွေ့ အကောင်အထည် ဖေါ်နိုင်စွမ်း မရှိသည့် ပေါက်ပန်းဈေး အကြံညဏ်များ ပြောဆိုရင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည် ဟု သိရသည်။ ၎င်းတို့ ထိုသို့ တိုင်ပတ်နေချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင်မှ မိမိတို့ အစိုးရမှ စစ်အာဏာရှင်များ အား ဖြုတ်ချရန် လုံးပမ်းနေသည့် တော်လှန်ရေးကြီး အတွက် ရံပုံငွေ ဒေါ်လာ သန်း ၁၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီဟု ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖေါ်ပြောဆိုလိုက်သည့် သတင်းကို ကမ္ဘာ ဘဏ္ဍာရေး သတင်းဌာန ဖြစ်သည့် Bloomberg တွင် ဖေါ်ပြလာခဲ့သည်။ ထိုအထဲမှ ၄၅% သည် အထူး ငွေတိုက် စာချုပ်များ ရောင်းရငွေများ ဖြစ်ပြီး၊ စစ် အာဏာရှင်များ ပိုင်ဆိုင်ထားသည့် အဖိုးတန် အိမ်ခြံမြေများကို လေလံတင် ရောင်းချရငွေများလည်း ပါဝင်သည်။ ရရှိသည့် ငွေများကို ကဏ္ဍပေါင်းစုံတွင် အသုံးပြုမည်ဟု လည်း ဆိုသည်။ နောက်ပို

အဆိုင်လင်ခံမည့်သူများသိထားသင့်သည့်အချက်များ

Image
မရေးချင်ပေမယ့်လဲရေးတော့မယ် ကနေဒါ ယူအက်စ်အေ အပါအဝင် အဆိုင်လင်ခံလို့ရတဲ့နိုင်ငံတွေကို အလည်၊ကျောင်း၊ မိသားစု ဗီဇာ အခြားစာအုပ်၊သင်္ဘောခုန်ချ အမျိုး မျိုးနဲ့သွားရောက်သူတွေရှိပါတယ် ဒီအထဲမှာ အဆိုင်လင်ခံသူအချို့ ရှိပါတယ်၊နိုင်ငံအတွင်းရောက်ရှိ ပြီးမှရှေ့နေငှါးပြီးဆောင်ရွက်ကြ တာပါ၊ မလာခင်ထဲက အစီအစဉ်ရှိသူ တွေကို ဒီနေရာမှာအကြံပေးချင် တာက ကိုယ်ရေးအချက်အလက် Biography ကိုကြိုရေးထားပါ၊ ပြန်ရင် အဖမ်းခံရမယ် အthat ခံရမယ်တခုခုပါအောင်ရေးရပါ မယ်၊ ဓါတ်ပုံ၊မှတ်တမ်းတွေတင် ရပါတယ်၊ကိုယ့်အီးမေးလ်ကိုယ် ပြန်ပို့ပြီးfolderတခုမှာ hideလုပ် ထားပြီးယူလာလို့ရပါတယ်၊ မည်သည့်ဗီဇာဖြင့်လာသည်ဖြစ် စေ နိုင်ငံအဝင် လူဝင်မှုဌာန Immigration မှာ  “ I would like to apply for Refugee status.” “I can not go back home” လို့ပြောလိုက်ရင်ရပါပြီ အကြောင်းပြချက်တောင်းရင် အီးမေးလ်ထဲမှာသိမ်းထားတဲ့ Bioနဲ့အထောက်အထားတွေ ပေးလိုက်ပါ၊ အသေးစိတ်ရ ယူခြင်းမရှိပါဖူး၊ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများကိုနောက် ပိုင်းမှာရှေ့နေနဲ့တိုင်ပင်ပြီး ဆောင်ရွက်ရပါတယ်၊ ရှေ့နေခကိုLegal aid  မှတဆင့်လျောက်ထားလို့ရပါတယ် လေဆိပ်မှာတခါထဲလုပ်တာက အထဲရောက်မှလုပ်တာထက်ပို Strong ဖြစ်ပ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

Image
■ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။ ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။ KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိ

စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

Image
စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့ ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၁၅ ရက် မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ဒေသတွင်းအစည်းအဝေးတစ်ခုတက်ရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်ကို ဖိတ်ကြားပေမယ့် ပေကျင်းက ငြင်းဆန်လိုက်တာဟာ နေပြည်တော်က စစ်အာဏာရှင်တွေအတွက် အရှိုက်ထိခဲ့ တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ စစ်ကောင်စီက အတိုက်အခံတွေကို နှိပ်ကွက်ကာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေမှုကြောင့် နိုင်ငံတကာရဲ့ အထီးကျန်မှု ခံနေရချိန် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ (LMC) ကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက အကြောင်းမပြန်ခဲ့တာပါ။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမြှင့်တင်ဖို့ တရုတ်နိုင်ငံက ဉီးဆောင်ပြီး ထူ ထောင်ခဲ့တဲ့ LMC ဟာ မဲခေါင်မြစ်တစ်လျောက်ရှိ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ ဖွဲ့ စည်းထားတာပါ။ တိဘက်ကုန်းပြင်မြင့်မှမြစ်ဖျားခံကာ တရုတ်နိုင်ငံတွင်းမှ ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကို လန်ချန်မြစ် လို့ လူသိများပါတယ်။ ၂၀၂၂ ခုနှစ်မှာ LMC အလှည့်ကျဥက္ကဌ မြန်မာန

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေး၄၅မျက်နှာမှတ်တမ်း

Image
စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား  ----------------------------------------------------- ▪️အစည်းအဝေး ဆွေးနွေးချက် အပြည့်အစုံ ထုတ်ပြန်ခြင်း By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ   ၈ နာရီနီးပါး ကြာ မြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေးတွင်  NUG ၊ CRPH နှင့် PDF ကို ချေမှုန်းရေး ဆွေးနွေးခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ ဒုဝန်ကြီးများ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်း အရာရှိ ၅၅ ဦးတက် ရောက်ခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် လက်ရှိအခြေအနေများအရ NUG ၊ CRPH ၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှု မအောင်မမြင် သည့်အနေအထားကို စိုးထွဋ်က ဆွေးနွေးသွားသည်။  ရူးကြောင်ကြောင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များ ================================ နိုင်ငံတကာနှင့