DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
NCA လက်မှတ်ရေးထိုးထားတဲ့ DKBA နှင့် အကြမ်းဖက် စစ်ကောင်စီ လမ်းခွဲပြီလား ……………………………………… ဇန်နဝါရီ ၂၁ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်ကို အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။ အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝန်းအတွင်းက အဆောက်အအုံ ၂ လုံး လုံးဝ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ DKBA ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာကြောင့် နေအိမ် တစ်ခုလုံး မွစာကြဲ ပျက်စီးနေတာ တွေ့ရပါတယ်။ ပျက်စီးနေတဲ့ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်အတွင်းမှာ ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ အကြမ်းဖက်စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းတို့ ယခင် NCA ငြိမ်းချမ်းရေး ဆ