Posts

မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

Image
ဂျာကာတာ၊ဖေဖော်ဝါရီ ၄ အာဆီယံဝန်ကြီးများအစည်းအဝေး၌ အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံးစည်းလုံးမှုရှိကြောင်းပြသသင့်သည်ဟု အင်ဒိုထိပ်တန်းသံတမန်ကပြောကြားခဲ့သည်။အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီက အာဆီယံအဖွဲ့၏ ကျယ်ပြန့်သောပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေအစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံဥက္ကဌအတွက် အရေးပါသောလမ်းညွှန်မှုတစ်ရပ်အဖြစ်ရှိနေမည်ဖြစ်ကာ ၎င်းသည်အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုသည်ဟုမစ္စမာဆူဒီကပြောကြားခဲ့သည်။ အစည်းအဝေး၌ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအဖွဲ့တွင် အရှေ့တီမောပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ အရှေ့တီမောသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့စေလွှတ်ခဲ့သည်။အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောအား အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူဝါဒအရအသိအမှတ်ပြုကာ လေ့လာသူအဆင့်ကိုပေးအပ်ရန် နို၀င်ဘာလကသဘောတူခဲ

" အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို လွှတ်တော့မယ့် အင်ဒိုနီးရှား "

Image
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုလုံးကို မြန်မာ့ပြဿနာက လွှမ်းမိုးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်၊ သောကြာနေ့က ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာစစ်တပ်က စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ " တိုးတက်မှု့မရှိပဲ ဆုတ်ယုတ်နေတယ် " လို့ ဝေဖန်မှု့တွေ မြင့်တက်ခဲ့ပြီး ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု့ဟာ မိသားစုပုံစံမျိုး ဖြစ်စေဖို့ကိုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။  ဒီနှစ် အာဆီယံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနိုင်ဖို့ဟာ အဓိကကျတယ်လို့ ဆိုပါတယ်။  ဒီအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံဟာ ပရမ်းပတာ အကြမ်းဖက်မှု့တွေနဲ့ ကြုံတွေ့နေရပြီး အာဆီယံမှာ ပေးခဲ့တဲ့ကတိကို အကောင်အထည်မဖော်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးကနေ ချန်လှပ်ထားခဲ့တာပါ။  အကြမ်းဖက်မှု့တွေ လျှော့ချဖို၊ လူသားချင်းဆိုင်ရာ အကူအညီတွ

လှိုင်မြို့နယ်မှာ ရုပ်ရှင်ဆန်စွာ ရာအိမ်မှူးကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ရာ ဦးခေါင်းထိသွား

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၄ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်မှ ရာအိမ်မှူး ကို ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၆ နာရီဝန်းကျင်က ဘုရင့်နောင် (၁၀) လမ်းနဲ့ ဖြတ်လမ်းထောင့်မှာ ရုပ်ရှင်ဆန်စွာ ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားရာ ဦးခေါင်း ထိသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။ "သူ့ထမင်းကြော်ဆိုင်ဖွင့်ဖို့ ဆိုက်ကားသမား အလာမှာ ပစ်ခံရတာ။ သူကတော့ ခေါင်းထိသွားတော့ သေဖို့များတယ်။ ဆိုက်ကား ဆရာကတော့ ဗိုက်ကို ထိသွားတယ်။ သေမသေတော့ မသိရသေးဘူး။ ဆေးရုံကားနဲ့တော့ သယ်သွားတာ တွေ့တယ်။ ဘာလို့ ပစ်သွားတာလဲ ဆိုတာတော့ မသိဘူး" လို့ သူကပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရသူ ရာအိမ်မှူးမှာ မင်းဇော် ဆိုသူဖြစ်ပြီး ဆိုက်ကားမောင်းနှင်သူဟာ ရန်နိုင်စိုး ဖြစ်ကာ စစ်ကောင်စီက သူတို့ ၂ ဦးကို ဆေးရုံကားနဲ့ သယ်ဆောင်သွားပြီး ပစ်ခတ်ခဲ့တဲ့ ကားကို လိုက်လံ ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့လယ်ပိုင်းက လှိုင်မြို့နယ် (၁) ရပ်ကွက်မှာလည်း ပျူစောထီး ဆိုသူ လူအေး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး စစ်ကောင်စီက လမ်းအတွင်း နေထိုင်တဲ့ အမျိုးသား ၂၀ ဦးထက်မ

အမေရိကန်နိုင်ငံအတွင်းကို တရုတ်နိုင်ငံ စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ပျံသန်း

Image
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃  အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က တရုတ်နိုင်ငံရဲ့ စပိုင် မိုးပျံပူဖောင်းများဟာ အမေရိကန်နိုင်ငံအတွင်း ပျံသန်း ဝင်ရောက်ခဲ့ပေမယ့် စစ်ဘက်တပ်မှူးများက မိုးပျံပူဖောင်းများကို ပစ်ချခြင်းမလုပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။  အမေရိကန်စစ်ဌာနချုပ်ရဲ့ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါက "NORADအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ စပိုင် မိုးပျံပူဖောင်းတွေကို ခြေရာခံမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ အဲဒီမိုးပျံ ပူဖောင်းတွေဟာ လက်ရှိအချိန်မှာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ပျံသန်းတဲ့ အမြင်ပေအထက်မှာ ပျံသန်း နေခဲ့တယ်။ မိုးပျံပူဖောင်းတွေဟာ လက်ရှိအချိန်မှာ မြေပြင်ပေါ်မှာ ရှိနေတဲ့သူတွေကို ခြိမ်းခြောက်တာ၊ စစ်ရေး နည်းလမ်းအရ ဆောင်ရွက်တာမျိုးတွေ မရှိသေးဘူး" လို့ပြောပါတယ်။  ၎င်းက တရုတ်နိုင်ငံရဲ့မိုးပျံပူဖောင်းတွေ ပျံသန်းမှုဟာ ပထမအကြိမ်မဟုတ်ကြောင်း၊ အရင်တုန်းကလည်း အမေရိကန်နိုင်ငံအတွင်း ပျံသန်းမှုတွေ ရှိခဲ့ဖူးကြောင်း၊ ဒါပေမယ့် အမေရိကန်အစိုးရဟာ အရေးကြီးတဲ့ သတင်းအချက်လက်တွေကို တရုတ်နိုင်ငံရဲ့စပိုင်မိုးပျံပူဖောင်း မရအောင်ကာကွယ်မှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ရ ကြောင်း

NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်

Image
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်လောက်က အင်အား ၁၀၀ နီးပါးဟာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခြေလျင်နဲ့ ဆာလင်းကြီးမြို့ထဲကို ဝင်လာတဲ့ လမ်းကြောင်းတလျှောက် လက်ကမ်းစာစောင်တွေကို လမ်းဆုံနေရာတွေမှာ ကပ်ထားခဲ့တာလို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။ “လာတာတော့ ခြေလျင်နဲ့ပဲ လာတယ်။ အဓိကကျတဲ့ လမ်းဆုံတွေမှာ အဲဒီစာရွက်တွေ လိုက်ကပ်သွားတယ်။ ကံကြီးတောရွာ အထွက်ကိုလည်း ကပ်ထားခဲ့ပါတယ်” လို့ သူကဆိုပါတယ်။ အဲဒီလက်ကမ်းစာစောင်ထဲမှာ NUG အမည်ခံတရားမဝင်အဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံနေမှုနဲ့ အခုဖွင့်လှစ်ထားတဲ့ ကျောင်းတွေဟာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းမဟုတ်ကြောင်းတွေ စာသားတွေပါတဲ့ စာတွေရေးသားထားပါတယ်။ အဲဒီအပြင် ကျောင်းသား၊သူနဲ့ မိဘတွေအနေနဲ့လည်း အဲဒီကျောင်းတွေဟာ တရားမဝင်ဖြစ်တဲ့အတွက် အချိန်

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

Image
ဖေ့စ်ဘုတ်နာမည်က ဟန်ငြိမ်းဦး နာမည်ရင်းက စိုးနိုင် အသက်က ၃၆နှစ်  မွေးနေ့က ၃.၁.၁၉၈၅ (အသက်၂၈ဆိုတာ လိမ်ထားတာ။မှတ်ပုံတင်၊ပက်စ်ပိုစ့်တွေထဲက အမှန် ရထားပြီ။ ) ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ။ ထိပ်ပြောင်နေလို့ မန္တလေးမှာ ဆံပင်တုသွားလုပ်ရင်း တစ်သိန်းခွဲတန် အပေါစား ပါးချိုင့်အတုပါ တပ်လာ။ ဆံပင်တုစွပ်ရင်စွပ်။ မစွပ်ရင် ဦးထုပ်အမြဲစောင်းထားတယ်။ ခြေထောက်တစ်ဖက် ဆာနေတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘူး။  နေတာက နေပြည်တော်မှာ။ အလုပ်အကိုင်က ရေသန့်ရောင်းတယ်။ အစ်ကိုလုပ်တဲ့သူက အုတ်ရောင်းတယ်။ ပညာအရည်အချင်း ၈ တန်းအောင်။  ပက်ပိုစ့်တောင် ၂၀၁၉ မှ လုပ်ရကောင်းမှန်း သိတဲ့ကောင်။  ဒီ ခွေးမသာ မအေလိုး စိုးနိုင် က မိန်းမရှိတယ်။ ဦးဟန် ဦးဟန်ဆိုပြီ ဆော်တွေဆီက ပတ်ခြူတယ်။ ဆယ်လီသတင်းတွေကို အတွင်းလူတွေပေးလို့ရတာ။ အနုပညာလောကကလည်း မဟုတ်ဘူး။ ဟက်ကာလည်း မဟုတ်ဘူး။ ဟက်လည်း မဟက်တတ်ဘူး။ ဘာမှလည်း မလုပ်တတ်ဘူး။ ပိုက်ဆံလိုလာရင် အချို့ နာမည်မကြီးတဲ့ မိန်းကလေးတွေဆီ တင်လိုက်ရမလား ဖွလိုက်ရမလား ငွေညှစ်တတ်တဲ့ စောက်ကျင့်ရှိတယ်။ စစ်သားလည်း မဟုတ်ဘူး။  စစ်တပ်အသိုင်းအဝိုင်းလည်း မဟုတ်ဘူး။ အာဏာသိမ်းရင် တရားမစွဲရဲကြအော

ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ခေတ်သစ်မီဒီယာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင်  PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  "ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်" ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။  ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်

“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

Image
အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာ မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။  “မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။” ( ဆောင်းပါးကောက်နှုတ်ချက်) --------------------------------------------------------------------------------------------------------- အပြိုင်အဆိုင် အနိုင်  ဘောလုံးပွဲ  ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။  အဲဒီ ဘောလုံးပွဲဟာ  ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။  ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင

လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီး အဖွဲ့ဝင် ဆိုသူ လူအေး နေအိမ်တိုက်ခန်းမှ ဆင်းလာစဉ် အမျိုးသား ၂ ဦးက ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၃ နာရီကျော်က ဇေယျမင်္ဂလာ (၂) လမ်း၊ နေအိမ် တိုက်ခန်းမှ ဆင်းလာတဲ့ လူအေး ဆိုသူကို အမည်မသိ အမျိုးသား ၂ ဦးက အနီးကပ် သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။ "ရပ်ကွက်ထဲမှာ အရင်ကလည်း လမ်းလူကြီး လုပ်ဖူးတယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူစောထီး လုပ်တယ် ကြားတယ်။ သန်းခေါင်စာရင်း ကောက်တော့လည်း သူကိုယ်တိုင်ပါတယ်။ မြို့နယ် အရန်မီးသတ်မှာလည်း သူကပါတယ်။ ခေါင်းကိုပဲ တည်ပစ်သွားတာ။ ၂ ချက်ထဲနဲ့ သေသွားတာ" လို့ သူကပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါလမ်းအတွင်းသို့ စစ်ကားနဲ့ ဆေးရုံကား ၂ စီး ရောက်ရှိလာပြီး အလောင်း တင်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲဒီနောက် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ဇေယျမင်္ဂလာ (၂) လမ်းအတွင်း စစ်ကောင်စီတပ်သားတွေ လှည့်လည် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ် ဆိုတာကို

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က  ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး” မှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအစည်းအဝေးကို SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၆ ဦး၊ အရန်ဗဟိုကော်မတီ ၅ ဦးနဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ လက်ရှ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘဲ လူမျ

NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

Image
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။  ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။   ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။ ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။  စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင်

ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ

Image
ကိုကိုလေး/ဧရာဝတီတိုင်းမ် (ကော့သောင်း) ဖေဖော်ဝါရီ ၂ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၅၉၄ ခြေမြန်တပ်ရင်း (ခမရ ၅၉၄) နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက် သေနတ်ကိုင်ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေကြောင်း အဆိုပါတပ် အသိုင်းအဝိုင်းထံက သိရသည်။ အဆိုပါ ခမရ ၅၉၄ တပ်မှာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်နေရပြီး နောက်တန်းတွင် စစ်သားတို့၏  မိန်းမများမှာလည်း စစ်သင်တန်းများ တက်နေရသလို ညဘက်သေနတ်ကိုင် ကင်းစောင့်ရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။ "၅၉၄ တပ်အတွင်းထဲမှာ စစ်သားအင်အားနည်းသွားတာတော့ အမှန်ပဲ။ ကျွန်တော်တို့နယ်ဘက်က တပ်ရင်းတွေက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်နေရတယ်။ သေကြတာလည်း များတယ်။ အခုလည်း တပ်တွင်းမှာ စစ်သားအင်အားနည်းပါးလာလို့ စစ်သားမယားတွေကို မဖြစ်မနေ စစ်သင်တန်းတွေပေးတဲ့အပြင် ညဘက် သေနတ်ကိုင်ပြီး ကင်းစောင့်ရတာတွေများလာတော့စိတ်ဓာတ်တွေကျနေကြတယ်။ သူတို့မှာ ပင်ပန်းတော့ အတော်စိတ်ပျက်နေကြတယ်။ အခွင့်သာတာနဲ့ ထွက်ပြေးမယ်ဆိုတာချည်းပဲ ပြောနေကြတယ်"ဟု အဆိုပါတပ်ရင်းအနီးနေထိုင်သူ အရပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ကော့သော

NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်

Image
ဖေဖော်ဝါရီ ၂  စစ်အုပ်စုက သူတို့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG, PDF တွေနဲ့ ပတ်သက်သူတွေ၊ အားပေးထောက်ခံသူတွေကို အရေးယူသွားမယ်လို့ ဖုန်းအော်ပရေတာတွေကနေတစ်ဆင့် ပြည်တွင်းရှိ ဖုန်းသုံးစွဲသူ ပြည်သူတွေထံသို့ SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။  စစ်အုပ်စုလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဆိုတဲ့ (CCCT) က "အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းတွေဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်" လို့ ဆိုပြီး ဖုန်းသုံးစွဲသူတွေထံသို့ ဆက်သွယ်ရေးအော်ပရေတာတွေကနေတစ်ဆင့် တိုက်ရိုက်စာတိုမက်ဆေ့တွေ ပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် "အကြမ်းဖက်မှုနှင့်ဆိုင်သော Post Share, Like, Comment တင်ခြင်းတွေဟာ ဥပဒေအကြောင်းအရ အရေးယူရခံနိုင်တယ်" လို့လည်း စစ်အုပ်စုလက်အောက်ခံ CCCT ဆိုတဲ့အဖွဲ့က SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်လာတာဖြစ်ပါတယ်။ "အခုရက်ပိုင်း ဖုန်းတွေကို စာတိုတွေ တောက်လျှောက်ဝင်နေတယ်။ သူတို့ပေးပို့လာတဲ့စာအရ NUG, PDF အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဖို့ကို တိုက်ရိုက်ရည်ညွှန်းထားပါတယ်။ ပတ်သက်ရင်

မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

Image
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လန်ဒန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေး၌ အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက်  လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။  ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ၏ Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆ

စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော

Image
By DVB အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြတ်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။ အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ အရည်အသွေးနဲ့ လုပ်နိုင်စွမ်းတွေ လျော့ကျလာအောင် ဆောင်ရွက်နေကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေ

ဒီမြိုနယ်တွေမာရှယ်လောတဲ့

Image
ကယား ~~~~~ ဒီမော့ဆိုမြို့နယ်   ဖရူဆိုမြို့နယ်   ရှားတောမြို့နယ်   ဘော်လခဲမြို့နယ် တနင်္သာရီ ~~~~~~~ တနင်္သာရီမြို့နယ် ပုလောမြို့နယ် မွန် ~~ ရေးမြို့နယ်၊   ကရင် ~~ ကြာအင်းဆိပ်ကြီးမြို့နယ် ကော့ကရိတ်မြို့နယ် ပဲခူး ~~~ ထန်းတပင်မြို့နယ် အုတ်ဖိုမြို့နယ် နတ်တလင်းမြို့နယ် ပေါင်းတည်မြို့နယ် စစ်ကိုင်း ~~~~~ ဂန့်ဂေါမြို့နယ် ထီးလင်းမြို့နယ် ဆောမြို့နယ် ပေါက်မြို့နယ်   ချင်း ~~~ ဖလမ်းမြို့နယ် ကန်ပက်လက်မြို့နယ် မတူပီမြို့နယ် ထန်တလန်မြို့နယ် ဟားခါးမြို့နယ် တီးတိန်မြို့နယ် တွန်းဇံမြို့နယ် စစ်ကိုင်း ~~~~~ အင်းတော်မြို့နယ် ဗန်းမောက်မြို့နယ် ကောလင်းမြို့နယ် ပင်လယ်ဘူးမြို့နယ် မြောင်မြို့နယ် ဆားလင်းကြီးမြို့နယ် ပုလဲမြို့နယ် ယင်းမာပင်မြို့နယ်   ခင်ဦးမြို့နယ် တန့်ဆည်မြို့နယ် ရေဦးမြို့နယ် တိုင်းမှူးတွေအနေနဲ့ဖမ်းမိသူကို စိတ်ကြိုက် သေဒဏ်ပေးခွင့် ထောင်ချခွင့်ပြုထားတယ် အော် သေမှာမကြောက်လို့ ပေတရာလျှောက်ခဲ့တာလို့ ပြန်ရှင်းပြရမလိုဖြစ်နေပြီ များများဖမ်းများများသတ် လေလေ စကစ နေဝင်ချိန် ပိုပြီးမြန်မြန်လာလေပဲဆို တာ ခေါင်းကြီးတို့ အခုထိ မသိရခြင်းအကြောင်းက အစာအိမ်အောက်ခြေက မစင်စုတဲ့နေရာကခေါင်း ထဲမှာသွားရှိနေလို့ပဲ

အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်

Image
 ဖေဖော်ဝါရီ ၂၊ ၂၀၂၃  ဧရာဝတီတိုင်း မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲအား အလံကိုင်လိုက်သူအား ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက်သူအား ၁၀၀၀၀ ကျပ်ဖြင့် နေ့စားခခေါ်ကာ ယနေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကြံ့ခိုင်ရေးရုံးအတွင်း နေ့စားခများ ခွဲဝေရာတွင် အဝေမတည့်ခြင်းကြောင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြောင်းမြမြို့တွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် လူအင်အား ၅ရာခန့်ဖြင့် စင်္ကြနန္ဒဘုရားရှေ့မှ စတင်ကာ မြို့မဘောလုံးကွင်းအထိ လမ်းလျှောက်ကာ ကြံ့ခိုင်ရေးပါတီဝင်များ ဦး ဆောင်မှုဖြင့် တပ်ထောက်ခံပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။နေ့စားလိုက်ခေါ်တာက ဦးတင်မြင့်တို့ ၊တရုတ်စိုးမြင့်တို့ပါတယ်၊ အလံကိုင်ကတော့ အမူးသမားတွေနဲ့ ကြံ့ခိုင်ရေးက ငပေါတွေကိုင်တာ၊ တစ်ယောက်တစ်သောင်းခွဲနဲ့ လိုက်တာကတော့ ရပ်ကွက်စုံပဲ အောင်သပြေကရော၊ ရွာတွေနဲ့ ကွယ်လွယ်ကရော၊ ပွဲပြီးတော့ ကမ်းနားက ကြံ့ခိုင်ရေးရုံးထဲမှာ နေ့စားခထုတ်ပေးတာမှာ တစ်သောင်းပြောပြီး ငါးထောင်ပေးလို့ ရန်တွေဖြစ်ကြတယ်ဟု မြောင်းမြဒေသခံတစ်ဦးက ပြောသည်။ မအူပင်မြို့တွင်လည်း ယနေ့ တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် တစ်အိမ်တစ်ယောက်မဖြစ်နေ လိုက်ကြရန် အုပ်ချုပ်ရေးမှူးများမှ တ